ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ

ကန်ကြီးထောင့် မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ် "ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က ကန်ကြီးထောင့်မြို့အဝင် မာလာကုန်းလမ်းဆုံတွင် စိုက်ထူခဲ့ကြသည်။

ရှေ့ဦးစွာ ကန်ကြီးထောင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ရဲနိုင်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်နိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပါ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ စိုက်ထူခဲ့ကြသည်။

အဆိုပါကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာစိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်အောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲနိုင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်နိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများမှ တက်ရောက်ခဲ့ကြပြီး ၂၀၂၅ ခုနှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကာလမှာ မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိဖြစ်ကြောင်း မြို့နယ်ပညာရေးဦးစီးဌာနမှသိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)