ပန်းတနော် မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ စိုက်ပျိုးရေးဦးစီးဌာနမှကျင်းပပြုလုပ်သည့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျုံတုံးကလေးကျေးရွာအုပ်စု၊ ကွင်းအမှတ်(၅၁၈)၊ တလိုင်းစုကွင်း၊ ဦးပိုင်အမှတ် ၂၅ /၂၊ ဧရိယာ (၁၀.၀၀)ဧကရှိ တောင်သူ ဦးကျော်သန်းအောင်၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မိုးစပါးမစိုက်ပျိုးမီ ပိုက်ဆံလျှော်စိုက်ပျိုးနိုင်ရေး၊ ပိုက်ဆံလျှော်မြေခံစိုက်ပျိုးခြင်းဖြင့် မြေဆီသြဇာထက်သန်စေပြီး သွင်းအားစုဓာတ်မြေသြဇာလျော့ချသုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်သက်သာပြီး အထွက်နှုန်းပိုမိုရရှိကာ တောင်သူဝင်ငွေတိုးပွားစေမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပိုက်ဆံလျှော်မျိုးစေ့များကို တောင်သူများထံပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ဇော်လင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဝင်များ၊ တာဝန်ရှိဌာနဆိုင်ရာအသီးသီးနှင့် တောင်သူတို့မှ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့များ စုပေါင်းကြဲပက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)