တနင်္သာရီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ KG မှ Grade-11 အထိ စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

တနင်္သာရီ  မေ  ၁၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းတွင်းစစ် အခြေခံ ပညာကျောင်းလိုက် စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီအချိန်မှစ၍ သက်ဆိုင်ရာကျောင်းများအလိုက် အောင်စာရင်းထုတ်ပြန်၍ ကျောင်း၏ကြော်ငြာသင်ပုန်းများတွင် ကပ်ထားကြေညာပေးကြောင်း သိရသည်။

အဆိုပါ စာမေးပွဲအောင်စာရင်းများကြေညာရာတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ KG အတန်းမှစ၍ Grade-11 အတန်းအထိ အတန်းလိုက်အောင်စာရင်းများကို ယနေ့မေလ ၁၅ ရက်နေ့မှစ၍ ကပ်ထားပေးထားလျက်ရှိရာ ကျောင်းသား/ သူများနှင့် မိဘများက လာရောက်ကြည့်ရှုလျက် ရှိကြပါသည်။

မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသား/သူများအား ၂၀၂၅ ခုနှစ်၊ မေလ (၂၂) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိ အတန်းလိုက် ကျောင်းအပ်နှံခြင်းကို  လက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သီသီခိုင်(တနင်္သာရီ)