ကြံခင်း မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်း ၁၂၂ ကျောင်း၊ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှစ်ကျောင်းတို့တွင် ယနေ့နံနက် ၆ နာရီမှစတင်၍ အောင်စာရင်းများ ကြေညာကပ်ထားလျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၁၂၂ ကျောင်း၊ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (ဘက)နှစ်ကျောင်းတို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ KG မှ Grade-11 ထိ အောင်စာရင်းများကို ကြေညာကပ်ထားထုတ်ပြန်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ နှင့် မိဘအုပ်ထိန်းသူများ အေးချမ်းစွာဖြင့် လာရောက်ကြည့်ရှုကြသည်။
အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် KG မှ Grade -11 ထိ ဝင်ရောက်ဖြေဆိုသူ ၁၃၈၅၃ ဦး ရှိပြီး ဖြေဆိုအောင်မြင်သူ ၁၀၀% ပြည့်အောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)