ဇလွန်မြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ခုနှစ် ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးများ ထိခိုက်ပျက်စီးမှုများ အပေါ် ပြန်လည်စိုက်ပျိုးနိုင်မှုအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ခြင်း အခမ်းအနားပြုလုပ်

ဇလွန် မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ရေကြီးနစ်မြှုပ်မှုကြောင့် မိုးစပါးများ ထိခိုက်ပျက်စီးမှုများအပေါ် ပြန်လည်စိုက်ပျိုးနိုင်မှုအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ (၂၅%) ထောက်ပံ့ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်ကျော်စိုးက ၂၀၂၄-၂၀၂၅ ခုနှစ် ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးများ ထိခိုက်ပျက်စီးမှုများအပေါ် (၇.၉.၂၀၂၄)ရက်နေ့အထိ ပြန်လည်စိုက်ပျိုးသည့်တောင်သူများအား (၂၅%)ထောက်ပံ့ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ခုနှစ် ရေကြီးနစ်မြှုပ်မှုကြောင့် မိုးစပါးများ ထိခိုက်ပျက်စီးမှုများအပေါ် ပြန်လည်စိုက်ပျိုးသည့် တောင်သူ(၁၇၀)ဦးအတွက် ထောက်ပံ့ငွေကျပ် (၂၃၅၅၀၀၀၀)ကိုထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဝေယံ - ဇလွန်