သာယာဝတီ မေ ၁၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် ပဲခူးတိုင်း(အရှေ့+အနောက်)မှ ကျောင်းသား၊ ကျောင်းသူ (၁၂၀) ဦးပါဝင်သည့် လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့သည် အုပ်ချုပ်ကြီးကြပ်သူ ဆရာ၊ ဆရာမ လိုက်ပါ၍ ယနေ့ နံနက် ၁၀နာရီခွဲက သာယာဝတီမြို့နယ် ဆရာစံခန်းမ၌ ပဲခူးအရှေ့ပိုင်း+အနောက်ပိုင်းမှ လူငယ်များ တွေ့ဆုံခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများက လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်။
အဆိုပါပဲခူးတိုင်း(အရှေ့ပိုင်းမှ လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့ (၆၀) ဦးနှင့် ကြီးကြပ်သူ ဆရာ/ဆရာမများ၊ ပဲခူးအနောက်လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့မှ(၆၀)ဦးနှင့် ကြီးကြပ်သူ ဆရာ/ဆရာမများက သာယာဝတီမြို့ဆရာစံခံမ၌ တွေ့ဆုံမိတ်ဆက်ကြကာ နေ့လည်စာဖြင့် တည်းခင်းဧည့်ခံကျွေးမွေးခဲ့သည်။
ထို့နောက် လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အမှတ်တရစုပေါင်းမှတ်တမ်းတင်ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)