ကြံခင်း မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရွှေပန်းတောအုပ်စု တောင်သူ ဦးသန်းဦး လယ်မြေတွင် ယနေ့နံနက် ၇ နာရီက နွေစပါး(ပခမ်းရွှေဝါ)စံကွက်ရိတ်သိမ်းပွဲ ပြုလုပ်ရာ မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြကြောင်း သိရသည်။
အဆိုပါ ရွှေပန်းတောအုပ်စု၊ ကွင်းအမှတ် ၄၈(ခ) မင်းတဲလေး(ခ)ကွင်း၊ ဦးပိုင်အမှတ် ၉ တောင်သူ ဦးသန်းဦး၏ လယ်မြေ ၁ ဧကပေါ်တွင် နွေစပါး(ပခမ်းရွှေဝါ) စံကွက်ရိတ်သိမ်းနေမှုအား မြို့နယ် စိုက်တိုးမြင့်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအာကာကျော်၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြိုနယ်တာဝန်ခံ ဦးနေဝင်းထွန်းတို့က ကြည့်ရှုအားပေးကြသည်။ ထို့နောက် နွေစပါးစံပြရိတ်ကွက်မှစပါးနှံအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများက ခြွေလှေ့အခြောက်ခံ၍ စားပွဲတင် ဒီဂျစ်တယ်ကတ္တားဖြင့်ချိန်ကာ ပခမ်းရွှေဝါစပါး ၁ ဧက အခြောက် ၉၅ တင်း ထွက်ရှိကြောင်း သိရသည်။
ဖြိုးဝေလင်း