မုံရွာ မေ ၁၅
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူဖြစ်စေရန် ရာသီဥတုမျှတကောင်းမွန်စေရန်နှင့် ဒေသစိမ်းလန်းစိုပြည်ရေးကို အထောက်အကူပြုစေရန်တို့အတွက် မိုးရာသီပြည်သူလူထုထံသို့ အခမဲ့ဖြန့်ဝေပေးနိုင်ရန် မုံရွာမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိရုံး၊ မြို့မပျိုးဥယျာဥ်တွင် ပျိုးပင်ပေါင်း (၂၀၀၀၀)ပင်ကို ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ထိုသို့ပျိုးထောင်ထားရှိရာတွင် ကုက္ကို ၂၅၀၀၊ တမာ ၉၀၀၀၊ ပန်းမယ်ဇလီ ၁၀၀၀၊ ဗန်ဒါ ၁၅၀၀၊ မယ်ဇယ် ၃၀၀၀၊ မယ်ဇလီ ၃၀၀၀ စသည့် အရိပ်ရပန်းအလှစုစုပေါင်းပျိုးပင်ပေါင်း (၂၀၀၀၀)ပင်ကို ပျိုးထောင်ထားရှိပြီး၊ မိုးရာသီသစ်ပင်စိုက်ပွဲတော်တွင် စိုက်ပျိုးရန်နှင့် မိုးရာသီဇွန်လဆန်းတွင် သစ်ပင်စိုက်ပျိုးမည့် ဌာနဆိုင်ရာရုံးများနှင့် ဒေသခံပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလင်းရာဇာထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)