ပွင့်ဖြူ မေ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် KG မှ Grade – 11 အထိ ကျောင်းတွင်းစာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းကစပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ထုတ်ပြန်ကြေညာပေးထားကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃)ကျောင်းအပါအဝင် အခြေခံပညာစာသင်ကျောင်းပေါင်း ၁၆၉ ကျောင်းတို့တွင် ဝင်ရောက်ဖြေဆိုခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၏ အတန်းကူပြောင်းစာမေးပွဲအောင်စာရင်းများကို ယနေ့တွင် သက်ဆိုင်ရာ အခြေခံကျောင်းများအလိုက် ထုတ်ပြန်ကြေညာပေးထားရာ ရာနှုန်းပြည့်အောင်မြင်ခဲ့ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)