အိမ်မဲ မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့နယ်ပညာရေးမှူးရုံးမှ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက်(၈)နာရီအချိန်က အထက်ပိုင်းရပ်ကွက် မြို့မလူငယ်လေ့ကျင့်ရေးဘောလုံးကွင်း(သဲကွင်း)ရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကာ တာဝန်ရှိသူများက အဆိုပါမြေစိုက်ဘုတ်အား အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးခဲ့ကြောင်းသိရသည်။
ကျောင်းအပ်နှံရေးသီတင်းပတ်၏ ဆောင်ပုဒ်မှာ “ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”ဖြစ်ပြီး ကျောင်းအပ်နှံရေးသီတင်းပတ်မှာ ၂၀၂၅ ခုနှစ် မေလ (၂၂) ရက်နေ့မှ ဇွန် လ (၁)ရက်နေ့ထိဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ချစ်သက်လယ်