သရက်ချောင်း မေ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေ ရရှိရန်အတွက် ရည်ရွယ်၍ ဒေသနှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုဆိုင်ရာ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု ဆပ်ပြာအမွှေးဆီပြုလုပ်နည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီက သရက်ချောင်း မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားသည်။
ရှေးဦးစွာ သင်တန်းတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် ရှင်းလင်းပြောကြားပြီးနောက် သင်တန်းနည်းပြ ဆရာမ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးက သင်တန်းသူများအား လူသုံးကုန် ပစ္စည်းများဖြစ်သော ဆပ်ပြာရည်ပြုလုပ်မှုအဆင့်ဆင့်နှင့် အသုံးပြုနည်းများကို စာတွေ့/လက်တွေ့သင်ကြားပေးခဲ့ရာ သင်တန်းသူများကလည်း စိတ်ဝင်စားတွင် ကြည့်ရှုလေ့လာ၍ လက်တွေ့ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)