ပန်းတနော် မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ ပြည်လုံးချမ်းသာဗုဒ္ဓရုပ်ပွားမြတ်ကြီး မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲတော်ကို ကဆုန်လပြည့်ကျော် ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ် အရှေ့ပိုင်းရပ်ကွက် ရှစ်မျက်နှာကျောင်းတိုက်တွင် ကိန်းဝပ်စံပယ် တော်မူသော ပြည်လုံးချမ်းသာ ဗုဒ္ဓရုပ်ပွားမြတ်ကြီး မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီ အပူဇော်ခံယူပွဲတော်ကို နှစ်စဉ်ကဆုန်ကာလရောက်တိုင်း ကျင်းပပြုလုပ်လျက်ရှိပြီး မေ(၁၂) ရက်နေ့မှ(၁၅)ရက်နေ့အထိ လေးရက်တိုင်တိုင် နေ့စဉ်နံနက်(၁၀)နာရီအချိန်မှ ညနေ(၆) နာရီ အချိန်အထိ မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီ အပူဇော်ခံယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံရာ လမ်းတစ်လျှောက်တွင်လည်း ဂေါပကအဖွဲ့ဝင်များနှင့် လူငယ်အဖွဲ့များက လိုက်ပါကုသိုလ်ယူဆောက်ရွက်ခဲ့ကြပြီး ရပ်ကွက်အလိုက် စေတနာအလှူရှင်များကလည်း ကုသိုလ်ဒါနအဖြစ် မုန့်များ၊ အစားအသောက်များ လှူဒါန်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
မြို့နယ် (ပြန်/ဆက်)