ရွှေကျင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ အခြေခံပညာကျောင်းများမှ အတန်းလိုက် အောင်စာရင်းများ ထုတ်ပြန်ကြေညာ

ရွှေကျင် မေ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတန်းအလိုက် ကျောင်းတွင်းစာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီအချိန်မှစ၍ ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာအခြေခံပညာကျောင်းများရှိ ကြော်ငြာသင်ပုန်းများတွင် ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါအောင်စာရင်းများထုတ်ပြန်ရာတွင် KG အတန်းမှစ၍ (သင်ရိုးသစ်) ဧကဒဿမတန်း(GRADE-11)တန်းအထိ အခြေခံပညာကျောင်းများနှင့် GRADE-5 နှင့် GRADE-9 စာစစ်ဌာနများတွင် အတန်းလိုက် အောင်စာရင်းများကိုထုတ်ပြန်ကြေညာပြီး သက်ဆိုင်ရာ အခြေခံပညာကျောင်းများအလိုက် ကြော်ညာသင်ပုန်းများတွင် ကပ်ထားကြေညာပေးထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)