ငါးသိုင်းချောင်း မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၌ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်း၊ ကြဲပက်ခြင်းနှင့် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀း၀၀)နာရီက ကြပ်ကွင်းကျေးရွာအုပ်စု၊ ရေလဲကြီးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်လှမြင့်ကတောင်သူများအနေဖြင့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ကြဲခင်းစနစ်ပပျောက်ရေး၊ မိုးစပါးစိုက်ပျိုးရာတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့ကို ထည့်သွင်းစိုက်ပျိုးကြရန်၊ မိုးစပါးအထွက်နှုန်း တိုးတက်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် ကြပ်ကွင်းကျေးရွာအုပ်စု၊ ရေလဲကြီးကျေးရွာ၊ ကွင်းအမှတ်(907) ဦးပိုင်အမှတ် 8/3 တောင်သူဦးကျော်စိန်၏လယ်မြေတွင် မိုးစပါးစိုက်ပျိုးဧက(၁)ဧကလျှင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့(၄)ပြည်နှုန်းဖြင့် လယ်မြေ(၅)ဧကအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့များထောက်ပံ့ပေးခဲ့ပြီး လက်တွေ့ကြဲပက်စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)