မိုးညို မေ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းသို့ ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံတော်အစိုးရမှ ပေးအပ်သည့် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်းလွင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးဝင်းတို့က ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိုးညိုမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း ယာယီနေရပ်စွန့်ခွာလာသူ လူဦးရေ (၁၄၆) ဦးအတွက် တစ်ဦးလျှင် ကျပ် (၂၀၀၀၀) နှုန်းဖြင့် ငွေကျပ် (၂၉၂၀၀၀၀ )ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)