စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်တွင် လယ်ဧက(၂၀၀၀)ကျော်အတွက် ကုန်ထုတ် လမ်း ဆောင်ရွက်ရန်လျာထားချက်အား ကွင်းဆင်းစစ်ဆေး

ဖောင်းပြင် ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သရောင်းကျေးရွာအုပ်စု၊ ရေကျော် ကျေးရွာ ၌ လယ်ဧက (၂၀၀၀) ကျော်မှ ထွက်ရှိသောသီးနှံများ အဆင်ပြေစွာ သယ်ဆောင်နိုင်ရေး ကုန်ထုတ်လမ်း ၂မိုင် ၃ဖာလုံကို  ၂၀၂၁ - ၂၀၂၂ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည် ဖော်ဆောင်ရွက်ရန် လျာထားရာ   ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မော်လိုက် ခရိုင်ရုံးက ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းမင်း၊ ဖောင်းပြင်မြို့ နယ်ရုံးက လက်ထောက် ညွှန်ကြားရေးမှူး ဦးအွမ်တမ်ဟုန်း၊ ဦးစီးအရာရှိ ဦးသန်းဇော်ဝင်း(နည်းပညာ)နှင့် ဝန်ထမ်းများက ၎င်းကျေးရွာမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ကွင်းဆင်း တိုင်းတာစစ်ဆေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကုန်ထုတ်လမ်းဆောင်ရွက်မည့် မြေနေရာတိုင်းတာစစ်ေဆးခြင်း၊၊ မြေ၏ခံနိုင်ဝန် (CBR) တိုင်းတာပြီး  ကျေးရွာမှ ရပ်မိရပ်ဖများ၊ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင် များနှင့်အတူ စီမံကိန်းလုပ် ငန်းများ၊ ကျေးရွာဖွံ့ဖြိုးမှုအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါကျေးရွာ၌ လယ်ယာသီးနှံများစိုက်ပျိုးရာတွင်  အောင်မြင်ဖြစ်ထွန်းခြင်းကြောင့်  ကုန်ထုတ်လမ်း ဆောင်ရွက်နိုင်ပါက လယ်ယာသီးနှံများအား ကျေးရွာမှတဆင့် ဈေးကွက်သို့ အချိန်မီလွယ်ကူမြန်ဆန်စွာ  သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း၊ လယ်ယာသုံးစက်ယန္တရား များလည်း လုပ်ငန်းခွင်အတွင်း နွေ၊မိုး၊ ဆောင်း လွယ်ကူလျင်မြန်စွာ  သွားလာနိုင်မည်ဖြစ်၍ တောင်သူများအနေဖြင့် အခြားသောစီးပွားရေးလုပ် ငန်းများတွင် အချိန်ပေးလုပ်ကိုင်နိုင်ကြ မည်ဖြစ်ကြောင်း တောင်သူများထံမှသိရသည်။

 

ကိုထွန်း(ဖောင်းပြင်)