မြောင်းမြမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား စားနပ်ရိက္ခာဆန်နှင့် ငွေများပေးအပ်

မြောင်းမြ မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား စားနပ်ရိက္ခာဆန်နှင့် ငွေများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၁၀း၀၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုကိုက အမှာစကား ဆက်လက်ပြောကြားခဲ့ကြောင်းသိရသည်။ ထို့နောက် တာဝန်ရှိသူများမှ ယာယီနေရပ်စွန့်ခွာ ပြည်သူ များအား တစ်ဦးလျှင် ဆန် (၁) ပြည်နှင့် ငွေ (၄၀၀၀၀) ကျပ်အား ပေးအပ်ခဲ့သည်။

မြောင်းမြမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသကြီးများအတွင်းမှ ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် စာနပ်ရိက္ခာအဖြစ် ဆန်နှင့် ငွေ (၂၀၀၀၀) ကျပ်အား လစဉ်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာ(မြောင်းမြ)