ချောက် မေ ၁၅
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတန်းအလိုက် ကျောင်းတွင်းစာမေးပွဲအောင်စာရင်းများကို ၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းမှစ၍ ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သိရှိရသည်။
ချောက်မြို့နယ်အတွင်း အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ စုစုပေါင်း (၂၀၂)ကျောင်းရှိပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် သင်ရိုးသစ်(KG)တန်းမှစ၍ Grade-11 အထိ အတန်းကူးပြောင်းအောင်စာရင်းများကို သက်ဆိုင်ရာအခြေခံပညာကျောင်းအလိုက် ကြော်ငြာသင်ပုန်းများတွင် ကပ်၍ထုတ်ပြန်ကြေညာပေးထားမှုများကို ကျောင်းသား/သူများလာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)