ကော့သောင်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူ

ကော့သောင်း မေ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာ(ဗွီနိုင်း)စိုက်ထူခြင်းကို  ယနေ့နံနက်(၉)နာရီခန့်က ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

အဆိုပါ ကျောင်းအပ်နှံရေးဆိုင်ရာ‌ မြေစိုက်ပိုစတာများ စိုက်ထူရာတွင် မြို့နယ်ပညာရေးမှူး‌‌နှင့် ပညာရေးဌာနမှ ဆရာ၊ဆရာမများက “ကျောင်းနေအရွယ် က‌‌လေးများအားလုံးစဉ်ဆက်မပြတ်‌ အ‌ခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာ(ဗွီနိုင်း)ကို ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်ရှိအဝိုင်းပတ်တွင် စိုက်ထူခဲ့ကြသည်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ၂၀၂၅ ခုနှစ်၊ မေလ (၂၂)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂)ရက်နေ့တွင် ‌တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းများစတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)