ငဖဲမြို့ ကျောင်းတွင်း ရပ်ကွက်အခြေခံပညာမူလတန်းကျောင်းရှေ့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်  ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူ

ငဖဲ မေ ၁၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် “ ကျောင်းနေ အရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”  ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲကို ငဖဲမြို့ ကျောင်းတွင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်းရှေ့တွင် ယနေ့နံနက် ၈နာရီအချိန်က ပြုလုပ်ဆောင်ရွက်သည်။

အဆိုပါ မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်မောင်ဝင်းနှင့် ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ပညာရေးဝန်ထမ်းများက ကျောင်းအပ်နှံရေးသီတင်းပတ်မြေစိုက်ပိုစတာကိုစိုက်ထူခဲ့ပြီး ပိုစတာအား အမွှေးနံ့သာရေများဖြင့် ပက်ဖြန်းပေးခဲ့သည်။

ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၂ ရက်နေ့မှစတင်၍ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၅ ခုနှစ် ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားရှိကာ အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး၊ ကျောင်းအပ်လက်နှံရေးများ အဆင်ပြေစေရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများနှင့်ပညာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် စာသင်ခန်းများပြင်ဆင်ခြင်း၊ ကျောင်းတွင်း/ကျောင်းပြင်သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)