သံတောင်ကြီးဒေသတွင် လက်ဖက်စိုက်ပျိုးသူများပိုမိုများပြားလာ

သံတောင်ကြီးမေ ၁၅

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်၍ ဥယျာဉ်ခြံလုပ်ငန်းများကို အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ  လက်ဖက်စိုက်ပျိုးခြင်း လုပ်ငန်းသည်လည်း  တစ်ခုအပါအဝင်ဖြစ်ပြီး လက်ဖက် ကိုတစ်နှစ်တာပတ်လုံးအရွက်နုများထွက်ရှိချိန်တွင် လက်ဖက်‌ခြောက်၊ လက်ဖက်စိုများ ပြုလုပ်ရောင်းချရာတွင် ဈေးကောင်းရရှိသည့်အတွက် ဒေသခံတောင်သူများမှာ  မိမိတို့ ဥယျာဉ် ခြံမြေများ၌  လက်ဖက်စိုက်ပျိုးသူများ ပိုမိုများပြားလာကြောင်းသိရသည်။

အဆိုပါ ဒေသခံပြည်သူများမှာ  အများအားဖြင့်(၁)နှစ်သားလက်ဖက်ပျိုးပင်များကိုစိုက်ပျိုးပြီး(၅)နှစ် ခန့်တွင် လက်ဖက်အရွက်နုများ စတင်ခူးယူနိုင်သည်။ လက်ဖက်အရွက်နုများမှာနွေ၊ မိုး၊ ဆောင်းရာ သီတိုင်းတွင် အရွက်နုများထွက်ရှိပြီး မိုးတွင်းအချိန်တွင်ပွင့်လင်းရာသီအချိန်တွင် လက်ဖက်ခြောက်များပြုလုပ်ခြင်း၊ မိုးတွင်းအချိန်တွင် လက်ဖက်အရွက်နုများကို ခူးယူကာမနူးတနူး ပြုတ်၍  လက်ဖက်စိုပြုလုပ်ပြီး  ပလတ်စတစ်(သို့)  ဖက်ရွက်ဖြင့်  ပြန်လည်ထုတ်ပိုးကာ  သံတောင်ကြီးမြို့တွင် သာမက တောင်ငူမြို့ရှိလက်ဖက်စိုအဝယ်ဒိုင်များတွင် ရောင်းချလျက်ရှိကြောင်း လက်ဖက်စိုက်ပျိုးလုပ်ကိုင်သူတောင်သူ  ဦးစောဖရက်ထံက သိရသည်။

နော်နော်မူ