သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းမှ မိခင်များနေ့ အစီအစဉ်ကျင်းပပြုလုပ်

 သံတောင်ကြီး  မေ ၁၅ 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့၌ ၂၀၂၅-ခုနှစ် မေလ (၁၁) ရက်နေ့တွင် ကျရောက်သည့် မိခင်များနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းတွင် မေလ ၁၂ ရက်နေ့ နံနက် (၁၁)နာရီ အချိန်က မိခင်များနေ့အစီအစဉ်ကို  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်မှ လူငယ်များနှင့် ဖခင်များက ဦးဆောင်ကာ မိခင်များအားဂုဏ်ပြုပေးသည့် အစီအစဉ်ဖြစ်ပြီး မိခင်များအား ဂုဏ်ပြုပေးသည့် သီချင်းများ သီဆိုပေးခြင်း၊ မိခင်များနှင့်ပတ်သက်သည့် တရားဒေသနာများ ဟောပြောပေးခြင်း၊ မိခင်များအား ဂုဏ်ပြုသည့် ကဗျာများရေးစပ်ခြင်းတို့ကို ဖတ်ကြားခြင်းနှင့်မိခင်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး နေ့လယ် (၃) နာရီအချိန်တွင် မိခင်များကို ဂုဏ်ပြုသောအားဖြင့်အမေနှင့်ပတ်သက်သည့် သီချင်းများကို မြန်မာဘာသာ၊ ကရင်ဘာသာများဖြင့် ပြိုင်ပွဲများ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နော်နော်မူ