ငပုတော မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ရာ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်(၂)ဦးသန်းဦးက“အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများ အတွက် နိုင်ငံတော်မှ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ ငွေများပေးအပ်ခြင်းဖြစ်ပါကြောင်း၊ နေရပ်စွန့်ခွာပြည်သူများ၏ သားငယ်၊ သမီးငယ်များနှင့် ကျောင်းနေအရွယ် ကလေးအားလုံးရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရေးအတွက် တာဝန်ရှိသူ အားလုံးက ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များနှင့် လိုအပ်သည်များကို တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဒေသလုံခြုံရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူများကလည်း လက်တွဲညီညီပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် အကြမ်းဖက်ဖြစ်စဉ်များကြောင့်နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်သည့် ဆန်နှင့် ထောက်ပံ့ငွေ များကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့သည်။ ယင်းနောက် ငပုတောမြို့နယ်စီမံအဖွဲ့ဝင်(၂)၊ မီးသတ် ဦးစီးအရာရှိနှင့် တာဝန်ရှိသူများသည်ကျွန်းညိုကမ္ဘလာ ကျေးရွာအုပ်စု တောင်သူ ဒေါ်မယ်ထွား ၏ လယ်မြေ ကွင်းအမှတ် (1818-G)၊ ဇရပ်ချောင်းကွင်း၊ ဦးပိုင်အမှတ် (၄/၂+၃/၅)၊ ဧရိယာ (၄.၇၉)ဧကတွင် ပိုက်ဆံလျှော် ကြဲပက်ပွဲ ပြုလုပ်မှုမှတ်တမ်းနှင့် ရေကျော်ကြီး ကျေးရွာအုပ်စု တောင်သူ ဒေါ်ခင်လှဝေ၏ လယ်မြေ ကွင်းအမှတ် (၁၈၂၀-အေ)၊ သဲဖြူမြောက်ကွင်း၊ ဦးပိုင်အမှတ် (၂/၁)၊ ဧရိယာ (၂၀.၇၁)ဧကတွင် ပိုက်ဆံလျှော် ကြဲပက်ပွဲ ပြုလုပ်မှု၊ ဒေသဖွံ့ဖြိုးရေး ရံပုံငွေဖြင့် ဆောင်ရွက်သည့် ရေကျော်ကြီးကျေးရွာရှိ သောက်သုံး ရေတွင်း တူးဖော်ပြီးစီး အခြေအနေအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)