အိမ်မဲမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံငွေနှင့် ဆန်ရိက္ခာများ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

အိမ်မဲ မေ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် မြို့နယ်အတွင်းသို့ ယာယီနေရပ်စွန့်ခွာရောက်ရှိလာသောပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်ကကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ထောက်ပံ့ငွေပေးအပ်မှုကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ထောက်ပံ့ငွေပေးအပ်မှုကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက နေရပ်စွန့်ခွာပြည်သူ (၄၁) ဦးအား (၁) ဦးလျှင် (၂၀၀၀၀) ကျပ်နှုန်းဖြင့်နှစ်လစာ (၄၀၀၀၀)ကျပ်နှုန်းဖြင့်ဆန်တစ်ပြည်တို့အား ထောက်ပံပေးခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး အကြောင်းအမျိုးမျိုးကြောင့် အဆိုပါအခမ်းအနားသို့မလာရောက်နိုင်သော ယာယီနေရပ်စွန့်ခွာပြည်သူ (၈) ဦးအား မြို့နယ် ထောက်ပံ့ငွေပေးအပ်မှုကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်

အိမ်မဲ (ပြန်/ဆက်)