မအူပင်မြို့၌ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် Abate ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

မအူပင် မေ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် Abate ဆေးခတ်ခြင်းလုပ်ငန်းအား ယနေ့နံနက် ၈ နာရီက အမှတ်(၇)ရပ်ကွက်  တွင် ဆောင်ရွက်သည်။

ဦးစွာ မအူပင်မြို့ အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ မအူပင်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစိုးသက်မှ ရပ်ကွက်၊ ကျေးရွာများ၌ မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်‌သော သွေးလွန်တုတ်ကွေး‌ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား အသိပညာပေးဟောပြောပြီး ရပ်ကွက်အတွင်း ပိုးလောက်လန်းပေါက်ပွားနိုင်သည့် နေရာများအား ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ Abate ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။          

အဆိုပါ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများနှင့် Abate ဆေး ခတ်ခြင်းလုပ်ငန်းများအား ခရိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်သူများ ပူပေါင်း၍ ရပ်ကွက်အတွင်းဆောင်ရွက်ခဲ့ကြပြီး သွေးလွန်တုပ်ကွေး ရောဂါကူးစက်မှုမဖြစ်ပွားစေရေးအတွက် Abate ဆေး ခတ်ခြင်းအား ၆ ပါတ်လျှင်တကြိမ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)