ပုလောမြို့ အမှတ်(၁)ရပ်ကွက် အဏ္ဏဝါရောင်းဝယ်ရေးသမဝါယမအသင်းလီမိတတ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေး ကျင်းပ

ပုလော မေ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ အမှတ်(၁)ရပ်ကွက် အဏ္ဏဝါရောင်းဝယ်ရေး သမဝါယမ အသင်းလီမိတတ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေးကို မေလ ၁၃ ရက်နေ့ နေ့လည် ၂ နာရီ အချိန်က ပုလောမြို့ အမှတ်(၁)ရပ်ကွက် အဏ္ဏဝါရောင်းဝယ်ရေး သမဝါယမအသင်းပိုင် အဆောက်အဦး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ပုလောမြို့ အမှတ်(၁) ရပ်ကွက် အဏ္ဏဝါရောင်းဝယ်ရေး သမဝါယမအသင်းနာယက ဦးသန်းနွယ်ကအသင်း၏ သမိုင်းကြောင်းကို ရှင်းလင်း၍ အသင်းရေရှည်တည်တံ့ရေးအတွက် စည်းလုံးခြင်း၊ ညီညွတ်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းနှင့် ပုလောမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဒေါ်အေးအေးမိုးက သမဝါ ယမအသင်းဆိုင်ရာများကို ချပြရှင်းလင်းခဲ့သည်။

အဆိုပါ ပုလောမြို့ ပုလောမြို့ အမှတ်(၁) ရပ်ကွက် အဏ္ဏဝါရောင်းဝယ်ရေးသမဝါယမအသင်းကို စတင်ဖွဲ့စည်းစဉ်က အသင်းသား ၁၅ ဦးရှိခဲ့ကြောင်းနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်တွင် အသင်းသား ၈၀၀ ဦး စုငွေ သိန်း ၁၀၀၀၀ ကျော်ဖြင့် လည်ပတ်လျက်ရှိကြောင်းနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အသင်း၏ ရငွေ/သုံးငွေ ရှင်းတမ်းများကို ဘဏ္ဍာ ရေးမှူးနှင့် အဖွဲ့ဥက္ကဋ္ဌက ဖတ်ကြားရှင်းလင်းခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)