ဘားအံ မေ ၁၄
ကရင်ပြည်နယ် သမဝါယမဦးစီးဌာနအတွင်းရှိ တာဝန်ထမ်းဆောင်နေသည့် အရာထမ်း၊ အမှုထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေးဟောပြောဆွေးနွေးပွဲကို ကရင်ပြည်နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်ပပြုလုပ်ခဲ့ရာ ဆွေးနွေးဟောပြောပွဲသို့ ကရင်ပြည်နယ် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်အေးပွင့်၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ပြည်နယ်/မြို့နယ် သမဝါယမဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်း၊ ဝန်ထမ်း စုစုပေါင်း(၄၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြည်နယ်ဦးစီးမှူး ဒေါ်အေးပွင့်က အရာထမ်း၊ အမှုထမ်းများအနေဖြင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများ၊ ဥပဒေပြဌာန်းချက်များကို သိရှိနားလည်ကျင့်သုံးနိုင်စေရန်၊ ဥပဒေနှင့် ပတ်သက်၍ နိုင်ငံသားအားလုံး လေးစားလိုက်နာနိုင်ရန်၊ ဥပဒေအသိပညာပြန့်ပွားရေးနှင့် ဗဟုသုတ ရရှိစေရေးအတွက် ဥပဒေအသိပညာပြန့်ပွားရေးဟောပြောပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကရင်ပြည်နယ်ဥပဒေချုပ်ရုံး၏ ဟောပြောဆွေးနွေးချက်များအား ကရင်ပြည်နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ပပမော်နှင့် သံတောင်ကြီးမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယင်းမာသွင်တို့က ဥပဒေအသိပညာပြန့်ပွားရေးဆိုင်ရာ သသင်ခန်းစာများကို ထပ်ဆင့်ရှင်းလင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)