နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

နတ်မောက် မေ ၁၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်း၌ စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဥမ္မာခင်(ဦးစီးအရာရှိ)က လူငယ်လူရွယ်များ စာပေဗဟုသုတများသိရှိနားလည်ပြီး ဉာဏ်ရည်ထက်မြတ်သည့် ဘက်စုံထူးချွန်သော လူရည်မွန်၊ လူရည်ချွန်များဖြစ်လာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာစေရန်၊ နှုတ်မှုစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲကျင်းပရာတွင် မူလတန်းဆင့် ကျောင်းသား/သူ (၂၀)ဦးမှ မိမိတို့နှစ်သက်သည့် ခေါင်းစဉ်များဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား/သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဆရာ/မများက  ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။

နတ်မောက်မြို့နယ်ရုံးအနေဖြင့် ကလေးငယ်များ အားလပ်သည့်အချိန်တွင် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ပန်းချီရေးဆွဲခြင်း၊ ကျပန်းစကားပြောပြိုင်ပွဲများနှင့် ဉာဏ်စမ်းမဟေဠိပြိုင်ပွဲများ လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။    

မူမူစန်း