တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးရန် လူထုဖြန့်ပျိုးပင် (၅၁၄၀၀) ပျိုးထောင်ထားရှိ

တောင်တွင်းကြီး မေ ၁၄

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးကို အထောက်အပံ့ဖြစ်စေရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှုလျော့နည်းပပျောက်စေရန်၊ ပြည်သူလူထုအတွင်း သစ်တောသစ်ပင်ချစ်ခင်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာစေရန်အတွက် ၂၀၂၅ ခုနှစ် မိုးရာသီတွင် မိုးရာသီသစ်ပင်စိုက်ပျိုးရန် လူထုဖြန့်ပျိုးပင်ပေါင်း (၅၁၄၀၀)အား ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

လူထုဖြန့်ပျိုးပင်ပေါင်း (၅၁၄၀၀)မှာ မြန်မာကုက္ကို (၇၄၂၀)ပင်၊ တမာ (၇၀၄၀)ပင်၊ ဆီသပြေ (၄၇၃၁) ပင်၊ ရေတမာ (၂၃၅၃)ပင်၊ စိန်ပန်းကြီး (၂၀၃၄)ပင်၊ မယ်ဇယ် (၄၁၀၅)ပင်၊ ပန်းမယ်ဇလီ (၅၉၁၉) ပင်၊ ယူကလစ် (၉၁၀၀)ပင်၊ ပျဉ်းမ (၁၂၀၀)ပင်၊ စွယ်တော် (၄၄၀)ပင်၊ ဗန်ဒါ (၄၀၀)ပင်၊ ယင်းမာ (၁၀၀၀) ပင်၊ ဆီးဖြူ (၁၁၀၈)ပင်၊ သခွပ် (၂၄၇)ပင်၊  နွယ်သာကီ (၃၀၀)ပင်၊ စက္ကူပန်း (၃၀၀)ပင်၊ စိန်တံချူ (၇၀၀)ပင်နှင့် ဖျောက်ဆိပ် (၃၀၀၃)ပင် စသည့် နှစ်ရှည်ပင်များဖြစ်ပြီး တပ်ရင်း၊ တပ်ဖွဲ့များ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာများနှင့် လမ်းဘေးဝဲယာများတွင် စိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)