နတ်မောက် မေ ၁၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေးခြင်းကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်လမ်းဦးစီးဌာနသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းဖြင့် စာဖတ်သည့် အလေ့ကျင့်ကောင်းများ ပိုမိုကောင်းမွန်လာစေရန်၊ စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရန်၊ စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်လာသည့်အပြင် စာပေများမှ အသိပညာဗဟုသုတများတိုးပွားလာစေရန်နှင့် အလုပ်တာဝန်များမအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအတွက် သွားရောက်ငှားရမ်းပေးခြင်းဖြစ်သည်ဟု မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိက ပြောကြားခဲ့သည်။
နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်များသို့ နှစ်ပတ်လျှင် (၁) ကြိမ် စာအုပ်၊ စာစောင်များ လှဲလှယ်၍ အခမဲ့ငှားရမ်းပေးလျက်ပြီး ကျောင်းဖွင့်ရာသီများတွင် မြို့ပေါ်ရှိ အခြေခံပညာရေးကျောင်းများသို့လည်း သွားရောက်ငှားရမ်းပေးမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း