တောင်ငူ မေ ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဝန်ထမ်းများ သတင်းမီဒီယာလုပ်ငန်း ဆောင်ရွက်ရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်းကို ယနေ့နံနက် (၉)နာရီခွဲတွင် သင်တန်းဖွင့်လှစ်သည်။
ထိုသို့ သင်တန်းဖွင့်လှစ်ရာတွင် တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး သင်တန်းကို စတင်ဖွင့်လှစ်သင်ကြားသည်။ အဆိုပါသင်တန်းတွင် သင်တန်းနည်းပြဆရာမ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက သတင်းလိုက်နည်း၊ သတင်းမီဒီယာဥပဒေနှင့် နည်းဥပဒေများ၊ သတင်းရေးနည်း၊ သတင်းတည်းဖြတ်နည်းဘာသာရပ်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင်- ၂ ဦးနေမျိုးလွင်က သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်းတို့ကို မေ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ရုံးနှင့် မြို့နယ်ရုံးများမှ အမှုထမ်း (၈)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)