နတ်တလင်းမြို့နယ်တွင် လေဘေးသင့် အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ပစ္စည်းများ ပေးအပ်

နတ်တလင်း မေ ၁၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် လေဘေးသင့် အိမ်ထောင်စုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့်ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သည်။

အဆိုပါပစ္စည်းများပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးနှင့်ဝန်ထမ်းများ၊ သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု (၁၂) အုပ်စုတို့တွင် ဖြစ်ပွားခဲ့သော ပြိုလဲပျက်စီးနေအိမ် (၇)လုံးနှင့် အမိုးလန်ဘုန်းတော်ကြီးသင်ပညာကျောင်း (၂)ကျောင်း၊ အမိုးလန်နေအိမ်(၁၅၃)လုံးတို့အတွက်  အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆,၆၄၅,၀၀၀)ကျပ်၊ အိမ်ထောင်စု(၁၅၂)စုရှိ လူဦးရေ(၅၄၀)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂,၇၀၀,၀၀ဝ)ကျပ်၊ စုစုပေါင်းငွေကျပ် (၉,၃၄၅,၀၀၀)ကျပ်နှင့် ပြိုလဲပျက်စီးနေအိမ် (၇)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ပစ္စည်းပုံး(၇)ပုံးအား  လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)