ပေါင်းတည်မြို့ ကျီးကြီးကုန်းဘုရား၌ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေးပြုလုပ်၊ ညောင်ရေသွန်းလောင်းပူဇော်

ပေါင်းတည် မေ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ မြိုနယ်ကြက်ခြေနီမြိုနယ်တပ်ဖွဲမှူး ဦးကြည်ထွန်းဦးဆောင်သောတပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ကျီးကြီးကုန်း ရုပ်ရှင်တော်မြတ်ကြီးနှင့် ကျီးကြီးကုန်းသာသနာမြေပေါ်ရှိ စေတီများအား စုပေါင်းသန့်ရှင်းရေးပြုလုပ်ပြီး ညနေပိုင်းတွင် ဗောဓိညောင်ပင်များအား စုပေါင်းညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြသည်။ 

အဆိုပါ လုပ်အားဒါနပြု ဆောင်ရွက်နေမှုများကို ကျီးကြီးကုန်းကျောင်းထိုင်ဆရာတော်နှင့် ဂေါပကအဖွဲ့ဝင်များ၊ ကျီးကြီးကုန်းရွှေကျောင်း အလှူဒယကာ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးမြတ်ထွန်းနှင့်အဖွဲ့ဝင်များ လာရောက်ကြည့်ရှု အားပေးကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့ကြကြောင်းသိရသည်။

ရွှေသား