ကန့်ဘလူ မေ ၁၃
ဝန်ထမ်းများ၏စွမ်းဆောင်ရည်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် သတင်းရေးသားနည်းသင်တန်းအမှတ်စဥ်(၁/၂၀၂၅)ကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန၌ စတင်ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က မိမိတို့ဌာနသည် သတင်းထုတ်ပြန်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရသည်ဖြစ်၍ ဝန်ထမ်းတိုင်း သတင်းရေးသားခြင်းပညာရပ်ကို နားလည်တတ်ကျွမ်း ထားရမည်ဖြစ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
သင်တန်းသို့ သင်တန်းသား ၄ ဦးတက်ရောက်ပြီး သင်တန်းကာလ မေ ၁၂ ရက်မှ ၁၄ ရက်ထိ သတင်းရေးသားနည်း၊ သတင်းအရင်းအမြစ်ရှာဖွေခြင်း၊ သတင်းလိုက်ခြင်း၊ သတင်းအခြေခံဖွဲ့စည်းတည်ဆောက်ပုံ၊ သတင်းဆောင်းပါးရေးသားခြင်း၊ အင်တာဗျူးခြင်းစသည့် ဘာသာ ရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း