သံတောင်ကြီးဒေသထွက် မျှစ်ခြောက်များဈေးကောင်းရရှိ

သံတောင်ကြီး မေ ၁၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့သည် တော်ပေါ်မြို့ဖြစ်သည့် အားလျော်စွာသစ်၊ ဝါးများသဘာဝအတိုင်း ပေါက်ရောက်ကြသည်။ မိုးတွင်းအချိန်တွင် သဘာဝအတိုင်းအလေ့အထ ပေါက်သည့် မျှစ်များကို တစ်နှစ်တာပတ်လုံးအတွက်စားသုံးနိုင်ရန်မျှစ်ခြောက်များပြုလုပ်ကြသည်။ ယခုအချိန်တွင်မျှစ်စိုများ ရှားပါးလာပြီဖြစ်သည့်အတွက် မျှစ်ခြောက်များ ဈေးကောင်းရရှိကြောင်း သိရသည်။

မျှစ်ခြောက်များ တစ်နှစ်တာလုံးတာရှည်ခံစားသုံးနိုင်ရန်မိုးတွင်မျှစ်များလှိုင်လှိုင်ပေါ်ချိန်တွင်မျှစ်စိုများကို ပါးပါးခြစ်ကာ မနူးတနူးပြုတ်ပြီးအရည်စစ်၍ ထင်းမီး(သို့မဟုတ်)နေနှင့် အခြောက်ခံကာလုံခြုံစွာ သိုလှောင်ထားရှိရသည်။ မျှစ်ခြောက်များကိုကရင်ရိုးရာတာဟဲဖိုး၊ တာလပေါဟင်းများချက်ပြုတ်ရာတွင် အဓိကအသုံးပြုသည်သာမက အခြားသောသီးနှံအသားဟင်းများနှင့်လည်း ရောချက်ရာတွင် အလွန် အရသာကောင်းသည့်အတွက် သံတောင်ကြီးမြို့ ပေါ်တွင်သာမကတောင်ငူ၊ ရန်ကုန်နှင့် အခြားနေရာဒေသများက မှာယူတင်ပို့ရောင်းချကြသည်။

အဆိုပါ မျှစ်ခြောက်တစ်ပိဿာကို ကျပ်(၁၈၀၀၀)မှ ကျပ်(၂၀၀၀၀)အထိရရှိသည့်အတွက် မျှစ်ခြောက် လုပ်ကိုင်ရောင်းချသူများအတွက်အပိုဝင်ငွေရရှိကြောင်း သိရသည်။

နော်နော်မူ