သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းမှ မိခင်များနေ့ အစီအစဉ်ကျင်းပ

သံတောင်ကြီး မေ  ၁၃                                                                

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့၌ ၂၀၂၅-ခုနှစ်မေလ(၁၁)ရက်နေ့ တွင်ကျရောက်သည့်မိခင်များနေ့ကိုကြို ဆိုဂုဏ်ပြုသည့်အနေဖြင့် ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းတွင် ယမန်နေ့ နံနက် (၁၁)နာရီ အချိန်ကမိခင်များနေ့အစီအစဉ်ကို  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သံတောင်ကြီးမြို့ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်မှလူငယ်များနှင့်ဖခင်များ ကဦးဆောင်ကာ  မိခင်များအားဂုဏ်ပြုပေးသည့်   အစီအစဉ်ဖြစ်ပြီး မိခင်များအားဂုဏ်ပြုပေးသည့် သီချင်းများသီဆိုပေးခြင်း၊မိခင်များနှင့်ပတ်သက်သည့်တရားဒေသနာများဟောပြောပေးခြင်း၊ မိခင်များအားဂုဏ်ပြုသည့် ကဗျာများရေးစပ်ခြင်း တို့ကိုဖတ်ကြားခြင်းနှင့်မိခင်များအား အမှတ်တရလက်ဆောင်များပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီးနေ့လယ်(၃)နာရီအချိန်တွင် မိခင်များကိုဂုဏ်ပြုသောအားဖြင့်  အမေနှင့်ပတ်သက်သည့် သီချင်းများကိုမြန်မာဘာသာ၊ ကရင်ဘာသာများဖြင့် ပြိုင်ပွဲများဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နော်နော်မူ