ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ရုံးစာရေးသားနည်းသင်တန်း (၁/၂၀၂၅) ဖွင့်လှစ်သင်ကြား

ပခုက္ကူ မေ ၁၃

မကွေးပမ‌ေကေွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားလာစေရန်၊ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်မှန်ကန်စေရန်ရည်ရွယ်၍ ရုံးစာရေးသားနည်းသင်တန်း (/၂၀၂)ကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဖွင့်လှစ်သင်ကြားခဲ့သည်။

ရှေးဦးစွာ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ ဒေါ်ချိုချိုမာက လုပ်ငန်းစီမံချက်ရေးသားခြင်း၊ စာရွက်စာတမ်းများ လုံခြုံစွာကိုင်တွယ်ထိန်းသိမ်းခြင်း၊ အစည်းအဝေးမှတ်တမ်းတင်ခြင်း၊ ရေစကြိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်က ဝင်စာထွက်စာများကို အရေးယူဆောင်ရွက်ခြင်း၊ စာတွဲခြင်းနှင့် စာတွဲထိန်းသိမ်းနည်း၊ ရုံးလုပ်ငန်းများစစ်ဆေးခြင်းနှင့် ကွပ်ကဲခြင်း စသည့်ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးလျက်ရှိသည်။

အဆိုပါသင်တန်းကို ၂၀၂၅ ခုနှစ်၊ မေလ ၁၃ ရက်မှ ၁၄ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်နှင့် ဆိပ်ဖြူမြို့နယ်ရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)