ဘိုကလေး မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို မေလ ၁၂ ရက်နေ့က ဘိုကလေးမြို့နယ် သကံဝကျေးရွာအုပ်စု ကျုံဖားကျေးရွာ ဧရာရွှေမြေ (၆) စာကြည့်တိုက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က စာကြည့်တိုက်ရေရှည်တည်တံ့စေရေး၊ စာအုပ်၊ စာစောင်များ စနစ်တကျထိမ်းသိမ်းထားရှိရေး၊ စာအုပ်များတိုးပွားအောင် စာကြည့်တိုက်မှူးနှင့် ကော်မတီဝင်များမှ ကျေးရွာပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် စာဖတ်ရှိန်မြှင်တင်ရေးအတွက် ကလေးများနှင့် ပြိုင်ပွဲများကျင်းပဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ယင်းနောက် တက်ရောက်လာသူများမှ စာကြည့်တိုက်နှင့်ပတ်သက်၍ သိရှိလိုသည်များမေးကြရာ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲသို့ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များနှင့် ကျေးရွာပြည်သူများတက်ရောက်ကြပြီ ဟောပြောပွဲအပြီးတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည်ရှုခဲ့ကြကြောင်း သိရသည်။
သန်းဌေးအောင်