ပခုက္ကူမြို့၌ ယဉ်ကျေးလိမ္မာခြင်းဆိုင်ရာ အသိပညာပေး ဟောပြော

ပခုက္ကူ မေ ၁၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ For Life ဘုန်းတော်ကြီးကျောင်း၌ ယနေ့နေ့လယ် ၁ နာရီအချိန်က ယဉ်ကျေးလိမ္မာခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူး သန်းဝင်းက မိဘနှင့်သားသမီးကြားထားရှိရမည့် ကျင့်ဝတ်များ၊ ဆရာနှင့်တပည့်ကြား ထားရှိရမည့် ဂါရဝတရားများ၊ အောင်မြင်တိုးတက်ရေးနည်းလမ်းများအကြောင်းတို့ကို ရှင်းလင်းဟောပြောရာ ပခုက္ကူမြို့၊ For Life ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးခေမာစာရက ကျေးဇူးတင်စကား ပြန်လည်မိန့်ကြားခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပခုက္ကူမြို့၊ For Life ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်များ၊ ရဟန်းသံဃာများ၊ နွေရာသီအင်္ဂလိပ်စကားပြော သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။ 

ဘာမီသာ(ပခုက္ကူ)