တောင်တွင်းကြီးမြို့နယ် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး(မြို့ရွာလုံခြုံရေး)အဖွဲ့ အခြေခံစစ်ပညာသင်တန်းအမှတ်စဥ် (၁ /၂၀၂၅) သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်တွင်းကြီး မေ ၁၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး (မြို့ရွာလုံခြုံရေး)အဖွဲ့ အခြေခံစစ်ပညာသင်တန်း အမှတ်စဥ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီအချိန်က အမှတ် (၁၀၃) ခြေမြန်တပ်ရင်း ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ တောင်တွင်းကြီးမြို့နယ် အမှတ်(၇)စစ်အခြေခံလေ့ကျင့်ရေးတပ်၊ နယ်မြေခံတပ်မှူး ဗိုလ်မှူးကြီး ကျော်သန်းဆွေက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး မြို့ရွာလုံခြုံရေး အခြေခံစစ်ပညာသင်တန်းတက်ရောက်မည့် သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့သည်။ 

အဆိုပါ အခမ်းအနားသို့ တောင်တွင်းကြီးမြို့နယ် အမှတ်(၇) စစ်အခြေခံလေ့ကျင့်ရေးတပ်၊ နယ်မြေခံတပ်မှူး ဗိုလ်မှူးကြီးကျော်သန်းဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။

နောင်နောင် (ဗိဿနိုးမြေ)