မအူပင် မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ ခနောင်ကြီးကျေးရွာမှ အွန်လိုင်းမှတ်ပုံတင် လျောက်ထားသူ Chit Hnin Wai (Tharto May May) အလှကုန်နှင့် အထည်အလိပ်၊ အဝတ်အထည်လုပ်ငန်းမှ Ecomreg system ၌ မှတ်ပုံတင်လျှောက်ထားခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ Online လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသောအချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/မရှိအား ယမန်နေ့နံနက် (၁၁) နာရီက မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုအား မအူပင်ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှူး စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင် လျောက်ထားသူ Chit Hnin Wai (Tharto May May) အလှကုန်နှင့် အထည်အလိပ်၊ အဝတ်အထည်လုပ်ငန်းမှ မှတ်ပုံတင်ရာ၌ ထည့်သွင်းလျှောက်ထားလာသည့် အချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/မရှိ အား DOCA App ဖြင့် တိုက်ဆိုင်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)