ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာများ၌ စွမ်းအားမြှင့် မီးဖိုများ အခမဲ့ဖြန့်ဝေပေးလျက်ရှိ

ဒေးဒရဲ မေ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးရွာဒေသများရှိ ပြည်သူများ လောင်စာထင်းသုံးစွဲမှုကို လျှော့ချခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်၊ တောင်သူ လယ်သမားများနှင့် ကျေးလက်နေပြည်သူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ အသိပညာပေးရန်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟုသုတများအား မြှင့်တင်ပေးရန်ရည်ရွယ်၍ မြို့နယ်စိုက်ပျိုရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများအား စွမ်းအားမြှင့်မီးဖိုများ အခမဲ့ဖြန့်ဝေးပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇင်မောင်မောင်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာအုပ်စု (၃၄) အုပ်စုရှိ အိမ်ထောင်စုများအား စွမ်းအားမြှင့် မီးဖိုများအား အခမဲ့ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့အထိ ကျေးရွာအုပ်စု (၂၉) အုပ်စုရှိ အိမ်ထောင်စုများအား စွမ်းအားမြှင့် မီးဖို (၁၅၃၆) လုံးအား ဖြန့်ဝေပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာဒေသများတွင် လောင်စာသုံးစွဲမှု လျှော့ချလာနိုင်ရေး၊ သစ်တောပြုန်းတီးမှုကာကွယ်နိုင်ရန်နှင့် ရာသီဥတုဖောက်ပြန်ပျက်ယွင်းမှုကို လျော့နည်းသက်သာစေရေးအတွက် စွမ်းအားမြှင့် မီးဖိုများအား အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း