နတ်မောက် မေ ၁၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဒေသစိမ်းလန်းစိုပြည်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ပြည်သူကို ဗဟိုပြုစိုက်ခင်းများတွင် စိုက်ပျိုးရန်အတွက် ပျိုးပင်(၅)မျိုး ပျိုးပင်ပေါင်း(၅၉၁၂၀) ပင် ပျိုးထောင်ထားရှိသည်။
ထိုသို့ မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနရုံးမှ ပျိုးထောင်ထားရာတွင် ယူကလစ် (၅၅၇၅)ပင်၊ မယ်ဇလီပင်(၂၇၁၉၆)ပင်၊ ဘောစကိုင်း(၁၁၂၂၅)ပင်၊ မြန်မာကုက္ကို(၇၅၆၂) ပင်နှင့်တမာ (၇၅၆၂)ပင် စုစုပေါင်း(၅၉၁၂၀)ပင် ပျိုးထောင်ထားရှိရာ နတ်မောက်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် သစ်ပင်သစ်တောများ ထိန်းသိမ်းခြင်းဖြင့် ပတ်ဝန်းကျင်ရာသီဥတုအခြေအနေများ တိုးတက်ကောင်းမွန်စေရန်အတွက် သစ်တောစိုက်ခင်း တည်ထောင်ခြင်းလုပ်ငန်းများ၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများ၊ ထင်းအစား အခြားလောင်စာအသုံးချရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်းနှင့် ရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှဝင်း