ဖောင်းပြင်မြို့တွင် နွေရာသီ English Grammer သင်တန်းဖွင့်လှစ်သင်ကြားပေး

ဖောင်းပြင် မေ ၁၂

ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်ရှည်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာအရည်အသွေး တိုးတက်လာစေရန် ရည်ရွယ်ပြီးနွေရာသီ English Grammer သင်တန်းကို မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဧပြီလ(၂၃)ရက်နေ့မှ စတင်၍ နေ့လည်(၁၂)နာရီမှ (၂)နာရီအချိန်ထိ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

နွေရာသီကျောင်းပိတ်ရက်မှာ ကလေးတွေ အချိန်ကို အကျိုးရှိရှိအသုံးချနိုင်၍ အလွန်အကျိုးရှိတဲ့ သင်တန်းဖြစ်ပြီး ဒီနှစ်မှာဆိုရင်မြို့နယ် ပြန်ဆက်ရုံးကပန်းချီးသင်တန်းနှင့် English Grammer သင်တန်းများကို ဆက်တိုက်ဖွင့်ပေးတဲအတွက် ကျေးဇူးတင်ရှိကြောင်း ကျောင်းသား မိဘတစ်ဦးက ပြောသည်။

နွေရာသီ English Grammer သင်တန်းကို ဆရာ(၂)ဦးမှ ပညာဒါနအဖြစ် သင်ကြားပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူ(၇၅)ဦး တက်ရောက်ကာ သင်တန်းကာလမှာ မေလ(၂၃)ရက်နေ့အထိ ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)