ဖောင်းပြင်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူများအား သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ဖောင်းပြင် မေ ၁၂

စစ်ကိုင်းငလျင်ဘေးအန္တရာယ်၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ပြန်လည်ဖြေဆိုကျင်းပရမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကို စိတ်အေးချမ်းသာစွာ ပြန်လည်ဖြေဆိုနိုင်ရေးအတွက် မေလ ၂ ရက်နေ့က စတင်ကာ ဘာသာရပ်အလိုက် သင်ကြားရေးလုပ်ငန်းကို ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ထိုသို့သင်ကြားပေးလျက်ရှိရာ ယနေ့အထိ လာရောက်သင်ယူကြသည့် ကျောင်းသား ၁၁၈ ဦး၊ ကျောင်းသူ ၂၁၅ ဦး စုစုပေါင်း ၃၃၃ ဦး လာရောက်သင်ယူလျက်ရှိပြီး သင်ယူကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးစာရေးကရိယာများကို ထောက်ပံ့ပေးကာ စာမေးပွဲအား လုံခြုံအေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် နေထိုင်စားသောက်မှု အဆင်ပြေစေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပညာရေးဌာနမှ တာဝန်ရှိသူတို့က ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

မြို့နယ်(ပြန်/ဆက်)