ဖောင်းပြင် မေလ ၁၂
စစ်ကိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား တာဝန်ပေးအပ်ပွဲအခမ်းအနားကို ဧပြီလ ၂၈ ရက်နေ့နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်က စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ လမ်းညွှန်အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လက်ထောက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာဝင်းက စီမံကိန်းဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းရည်မှန်းချက်တာဝန်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကပေးအပ်ရာ သက်ဆိုင်ရာဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူတို့က လက်ခံရယူကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲ များ တက်ရောက်ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)