ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ English Grammar သင်တန်း အခမဲ့ဖွင့်လှစ်

ဖောင်းပြင် မေ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအတွက် နွေရာသီကျောင်းပိတ်ရက်များကို  အကျိုးရှိစွာအသုံးပြုနိုင်စေရန် ရည်ရွယ်ကာ English Grammar အခမဲ့သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဧပြီလ ၂၃ ရက်နေ့နံနက် ၁၁ နာရီအချိန်က ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး၊ ရဲမှူးကျော်စိုးထွန်းက အဖွင့်အမှာစကား ပြောကြားကာ မြို့နယ်ပညာရေးမှူး ဦးဝင်းညွှန့်က အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းအောင်က သင်တန်းဖွင့် လှစ်ရခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်များကို ပြောကြားသည်။

ထို့နောက် English Grammar သင်တန်းကို စတင်ဖွင့်လှစ်ကာ အလယ်တန်းအဆင့် အင်္ဂလိပ်သဒ္ဒါသင်ခန်းစာများကို သင်ကြားပို့ချသည်။ အဆိုပါသင်တန်းကို ဧပြီလ၂၃ ရက်နေ့မှ မေလ၂၄ရက်နေ့အထိ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းနည်းပြ ဆရာ၊ ဆရာမနှစ်ဦးက ပညာဒါနအဖြစ် အခမဲ့သင်ကြားပို့ချမည်ဖြစ်ကာ ကျောင်းသား၊ ကျောင်းသူ ၇၄ ဦးတက်ရောက် သင်ယူကြကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများ၊ သင်တန်းဖြစ် မြောက်ရေးပံ့ပိုးကူညီကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြ ဆရာ၊ မဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)