လဟယ်မြို့တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၁၀) ရိုးရာဂျပ်ခုတ်သင်တန်း(အမှတ်စဉ်-၂၂) သင်တန်းဖွင့်ပွဲကျင်းပ

လဟယ် မတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၁၀) ရိုးရာဂျပ်ခုတ်သင်တန်းအမှတ်စဉ်(၂၂) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၀၈:၃၀)နာရီအချိန် အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

ဦးစွာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးဦးလင်းကိုကိုက သင်တန်းဖွင့်အမှာစကား ပြောကြားပြီးနောက် သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူ ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှုပါသည်။

အဆိုပါအဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း (အမှတ်စဉ်-၁၀)တွင် သင်တန်းသူ(၂၀)ဦး၊ ရိုးရာဂျပ်ခုတ်သင်တန်းတွင်(၅)ဦး စုစု‌ပေါင်းသင်တန်းသူ(၂၅)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ(၂၂)ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးဦးလင်းကိုကိုနှင့် အဖွဲ့ဝင်များ၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေခြည်ဖြိုးနှင့် အဖွဲ့ဝင်များ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်နည်းပြဆရာမများနှင့် သင်တန်းသူများ တက်ရောက်ပါသည်။

မြို့နယ်(ပြန်/ဆက်)