လဟယ် မေ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လဟယ်မြို့နယ် နာဂစာပေနှင့် ရိုးရာယဉ်ကျေးမှုကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော နာဂတစ်မျိုးသားလုံး၏ ဘုံဘာသာစားဖြစ်သော အခြေခံနာဂမစ်ဘာသာစကား သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန် လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
ဦးစွာနာဂစာပေနှင့်ရိုးရာယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးပေါင်ခုကသင်တန်းဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးဆန်းမိုးက ဖြည့်စွက်ဆွေးနွေးပါသည်။ ၎င်းနောက် လဟယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့နယ် ဦးစီးအရာရှိဦးရှားဆက်မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားပါသည်။
ထို့နောက်သင်တန်းနည်းပြ ဆရာ/မများက တစ်ဦးချင်းမိတ်ဆက်ပါသည်။ အဆိုပါသင်တန်းကို (၁၂-၅-၂၀၂၅)မှ (၃၁-၅-၂၀၂၅)ရက်နေ့အထိ ကျောင်းသား/သူ(၅၈)ဦး၊ ဌာနဆိုင်ရာ၀န်ထမ်းနှင့် အရပ်ဖက်ဘက်အဖွဲ့မှ (၅၆)ဦးစုစုပေါင်းသင်တန်းသား/သူ(၁၀၄)ဦးကို မနက်ပိုင်း/ညနေပိုင်း တစ်ရက်လျှင်(၂)ချိန်ခွဲပြီး သင်တန်းနည်းပြ ဆရာ(၄)ဦးကသင်ကြား ပို့ချပေးသွာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ နာဂစာပေနှင့်ရိုးရာယဉ်ကျေးမှုဥက္ကဋ္ဌ ဦးပေါင်ခု၊ သင်တန်းနည်းပြဆရာ/မများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)