လဟယ် မေ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ကဆုန်လပြည့်နေ့ မဟာဗောဓိညောင်ရေသွန်းလောင်းပူဇော်ပွဲကို ယမန်နေ့ညနေ(၁၅:၀၀)နာရီအချိန် လဟယ်မြို့တွင် ဂန္ဓမာလာကုန်းတော်ရှိ ဗောဓိညောင်ဓိပင်၌ ကျင်းပပါသည်။
ဦးစွာအခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ပြီး ဇယမင်္ဂလာအောင်ဂါထာတော်ဖြင့် ရွတ်ဖတ်ပူဖော်ပါသည်။ ထို့နောက် ၀တ်အသင်းအဖွဲ့များက ဆုတောင်းကဗျာများဖြင့် သံပြိုင်ရွတ်ဖတ်ပူဇော်နေစဉ် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးလင်းကိုကို အမှူးပြုသော ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက မဟာဗောဓိရွှေညောင်ပင်အား လက်ယာရစ် (၃)ကြိမ်လှည့်ပတ်၍ အမွှေးနံသာများဖြင့် ဖျန်းပက်ကြကာ ကဆုန်ညောင်ရေများ သွန်းလောင်းပူဇော်ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုတ်သိမ်းပြီးမြောက်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ နာဂဒေသစီံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးလင်းကိုကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေခြည်ဖြိုးနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)